Epsom College in Malaysia: ပညာရေးထူးချွန်မှုနှင့် အားကစားစွမ်းရည်များ ပေါင်းစပ်ထားသော နေရာတစ်ခု
A Prestigious British Education in the Heart of Malaysia
ဧက ၅၀ အကျယ်အဝန်းရှိသော ကျောင်းဝင်းအတွင်းနဲ့အတူ ကွာလာလမ်ပူအပြည်ပြည်ဆိုင်ရာလေဆိပ်မှ မိနစ်ပိုင်းအကွာတွင် တည်ရှိသော Epsom College in Malaysia သည် နည်းစနစ်ကျသော ပညာရေးနှင့် ကမ္ဘာ့အဆင့်မီအားကစားအစီအစဉ်များကို ထူးခြားစွာ ပေါင်းစပ်ထားသည်။ ကျွန်ုပ်တို့၏ ခေတ်မီပစ္စည်းကိရိယာများသည် ကျောင်းသားများအား သူတို့၏ပညာရေးနှင့် အားကစားလုပ်ငန်းများတွင် ထူးချွန်စေရန် အကောင်းဆုံးပတ်ဝန်းကျင်ကို ဖန်တီးပေးသည်။
Full Boarding (Myanmar Residents)
မြန်မာနိုင်ငံသားများသာ ရရှိနိုင်သော ယခုကမ္ဘာ့အဆင့်မီပညာရေးစနစ်သည် မမျှော်လင့်ထားသောဖြစ်ရပ်များကြောင့် ပညာရေးလမ်းကြောင်း ပြတ်တောက်နေသော မြန်မာနိုင်ငံမှ မိဘများနှင့် ကျောင်းသားများအတွက် ရွေးချယ်စရာတစ်ခုဖြစ်ပါသည်။ Epsom ၏ ထင်ရှားသောပညာရေးအဖွဲ့နှင့် ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မိနစ်ပိုင်းအကွာတွင် တည်ရှိသော ဧက ၅၀ အကျယ်ရှိ ကျောင်းဝင်းသည် ကျောင်းသားများ၏ သင်ကြားမှုအတွက် အာရုံစူးစိုက်စေနိုင်သော ပတ်ဝန်းကျင်ကို ဖန်တီးပေးသည်။ ထို့အပြင် ဆုရထားသော ကျောင်းသားရေးရာအဖွဲ့သည် လူငယ်များအတွက် မိမိကိုယ်ကိုယုံကြည်မှု၊ ခံနိုင်ရည်နှင့် လွတ်လပ်မှုတို့ကို ဖွံ့ဖြိုးစေသော ပြုစုပျိုးထောင်ပေးသည်။ Epsom သည် ၁၁ နှစ်အရွယ်မှစတင်ကာ ကျောင်းသားများအတွက် အားကစားအစီအစဉ်များကိုလည်း ပြင်ဆင်ပေးသည်။
EPSOM's Award-Winning Pastoral Care
Epsom College တွင် ကျွန်ုပ်တို့သည် ကျောင်းသားများ၏ ကျန်းမာရေးနှင့် လုံခြုံမှုကို ဦးစားပေးထားသည်။ ကျောင်းသားများအား လိုအပ်သော ပံ့ပိုးမှုနှင့် လုံခြုံမှုကို ခံစားရစေရန် ကျွန်ုပ်တို့၏ ကျောင်းသားရေးရာအဖွဲ့သည် ၂၄ နာရီပတ်လုံး စောက်ရှောက်ပေးလျက်ရှိသည်။ ကျောင်းသားများ နေထိုင်ရာ အဆောင်စနစ်သည် ကျောင်းသားရေးရာစောင့်ရှောက်မှု၏ အဓိကနေရာဖြစ်ပြီး ကလေးတိုင်းအတွက် လမ်းညွှန်မှုနှင့် လိုအပ်သော ပံ့ပိုးမှုကို ပေးသည်။ ကျောင်းသားများ၏ စိတ်ပိုင်းဆိုင်ရာနှင့် ပညာရေးတွင် ထွန်းကားနိုင်သည့် ပတ်ဝန်းကျင်ကို ပြုစုပျိုးထောင်ပေးရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါသည်။ ကျွန်ုပ်တို့၏ ပြုစုပျိုးထောင်မှုပတ်ဝန်းကျင်သည် ကျောင်းသားများအား စိတ်ဓာတ်ကြံ့ခိုင်သန်စွမ်းစေရန် အားပေးပြီး ကျွန်ုပ်တို့၏ ကျွမ်းကျင်သော ကျောင်းသားရေးရာအဖွဲ့သည် သူတို့အား အနာဂတ်ကို ရင်ဆိုင်နိုင်စွမ်းကို ယုံကြည်မှုအပြည့်ရှိသော လူတစ်ဦးဖြစ်လာစေရန် လမ်းညွှန်ပေးပါသည်။
Sedona ဟိုတယ်၊ ရန်ကုန်
၁၅ နှင့် ၁၆ မတ် ၂၀၂၅၊ ၁:၀၀ မွ ၅:၀၀ နာရီအထိ
၁ ကဘာအေ့ပုဂံလမ်း၊ ရန်ကုန် ၁၁၀၈၁၊ မြန်မာ
အစီအစဉ်ဇယား
၁:၀၀ နေ့လည် – ဧည့်သည်များရောက်ရှိခြင်း
၁:၃၀ နေ့လည် – Epsom College မိတ်ဆက်ခြင်း
၂:၃၀ မွ ၅:၀၀ နာရီအထိ – တစ်ဦးချင်းတွေ့ဆုံဆွေးနွေးခြင်း
ကျွန်ုပ်၏ Epsom College in Malaysia မှ အတွေ့အကြုံများ၊ မြန်မာကျောင်းသားတစ်ဦး၏ ပြောကြားချက်။
မြန်မာကျောင်းသူ Molly နှင့်အတူ မလေးရှားရှိ Epsom College တွင် သူမ၏ ကိုယ်ပိုင်ခရီးစဉ်ကို မျှဝေပါ။ IGCSEs မှ A-Levels အထိ သူမ၏ အတွေ့အကြုံများ၊ စိန်ခေါ်မှုများနှင့် ဒီအဖွဲ့အစည်းတွင် ရရှိခဲ့သော အခွင့်အလမ်းများကို ပြန်လည်သုံးသပ်ပါ။ သူမ၏ ထူးခြားသောဇာတ်လမ်းနှင့် Epsom သည် သူမ၏ ပညာရေးခရီးစဉ်ကို မည်သို့ပုံဖော်ပေးခဲ့သည်ကို ပိုမိုလေ့လာရန် နားထောင်ပါ။
Mark Lankester
CEO, Educ8 Group
Mark သည် Epsom College UK ၏ ကျောင်းသားဟောင်းတစ်ဦးဖြစ်ပြီး Warner Music Group တွင် အာရှနှင့် Greater China တစ်ဝှမ်းရှိ အကြီးတန်းရာထူးများတွင် နှစ်ပေါင်းများစွာ ရရှိထားသော ခေါင်းဆောင်မှုအတွေ့အကြုံများကို ရရှိခဲ့ပါသည်။ ယခုအခါ Epsom College in Malaysia ၏ CEO အဖြစ် တာဝန်ထမ်းဆောင်နေပြီး သူ၏ အောင်မြင်မှုတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သော British Education နှင့် Epsom ပညာရေး၏ ပြောင်းလဲမှုဆိုင်ရာ အကျိုးသက်ရောက်မှုကို သက်သေပြရန် ပြင်ဆင်ထားပါသည်။
LIFE AT EPSOM
ကျွန်ုပ်တို့၏ မကြာမီတွင် ဖြစ်လာမည့် - Carr, Propert, Granville, Holman, Rosebery, Crawfurd နှင့် Wilson အစရှိသော ကျောင်းသားနေအိမ် ခုနစ်မျိုးသည် ကျောင်းသားများအတွက် လွတ်လပ်မှုနှင့် မိမိကိုယ်ကို အားကိုးမှုများကို ဖွံ့ဖြိုးစေသော ပံ့ပိုးမှုပတ်ဝန်းကျင်ဖြစ်စေရန် ရည်ရွယ်ပါသည်။ အရည်အချင်းပြည့်ဝသော ကျောင်းသားရေးရာအဖွဲ့သည် ၂၄/၇ စောင့်ရှောက်မှုကို ပေးပြီး ကျောင်းသားများအား တက္ကသိုလ်ဘဝအတွက် ပြင်ဆင်ရင်း အိမ်ကဲ့သို့ ခံစားရစေသည်။
• ဆရာများနှင့် သင်ကြားပေးသူများထံမှ ပညာရေးဆိုင်ရာ ပံ့ပိုးမှု
• အိမ်စောင့်ဝန်ထမ်းများထံမှ ကျောင်းသားရေးရာ စောင့်ရှောက်မှု
• ကျန်းမာရေးစင်တာမှ ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှု
• အကြံပေးခြင်းဝန်ဆောင်မှုများ
• တက္ကသိုလ်နှင့် အလုပ်အကိုင်လမ်းညွှန်မှု
မလေးရှားတွင် EPSOM ကောလိပ်ကို ဘာကြောင့် တက်သင့်တာလဲ။